-----------------------------------------------------------------------------------------------------------------------------
News and Events
မြန်မာသမိုင်းအဖွဲ့ လစဉ်ပုံမှန် အစည်းအဝေး(၂/၂ဝ၁၈)ကို ယနေ့ နံနက် ၁ဝ နာရီခွဲတွင် သမိုင်း သုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန အမျိုးသား စာကြည့်တိုက်(ရန်ကုန်) ပညာဆောင် ရှိ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။ အခမ်းအနားတွင် မြန်မာသမိုင်း အဖွဲ့ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက မြန်မာ သမိုင်းအဖွဲ့သာမက သမိုင်း သုတေသနအဖွဲ့အနေဖြင့် သမိုင်း ဆိုင်ရာ အထောက်အထားများ ပြုစုရေးသားရာတွင် ဖြစ်ရပ်မချန်၊ ဖြစ်ရပ်မှန်၊ ဖြစ်ရပ်မကျန်၊ ဖြစ်ရပ် မမှားရေးသားရန် လိုအပ်ပါကြောင်း နှင့် သမိုင်းပညာရှင်များအနေဖြင့် မျိုးဆက်သစ်ပညာရှင်များ မွေးထုတ် ပေးခြင်းဖြင့် သမိုင်းအမွေ လက်ဆင့်ကမ်း ဆောင်ရွက်ပေးမှု ဖြစ်ကြောင်း၊ ပြည်တွင်းစာတမ်း ဖတ်ပွဲများ၊ နိုင်ငံတကာစာတမ်း ဖတ်ပွဲများကို နှစ်စဉ်ကျင်းပပေးခြင်း ဖြင့်လည်း သမိုင်းသုတေသနဌာန၏ အမှုထမ်း၊ အရာထမ်းများ၏ အရည်အသွေး တိုးတက်မှုများ ဖြစ်ပေါ်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ တစ်ဆက်တစ်စပ်တည်း မြန်မာသမိုင်း ဖြစ်ပေါ်လာစေရန် အထောက်အကူ များစွာဖြစ်ပေါ် စေခြင်းတို့အပြင် နိုင်ငံတော်အတွက် လိုအပ်သော သမိုင်းဆိုင်ရာ အထောက် အထားများကို အထောက်အပံ့ပေး နိုင်သည့် အနေအထားများ ဖြစ်ပေါ် နိုင်ကြောင်းတို့ကို ပြောကြားသည်။ ထို့နောက် မြန်မာသမိုင်းအဖွဲ့ဝင် များက လုပ်ငန်းဆောင်ရွက်ချက် များကို အပြန်အလှန် ဆွေးနွေး တင်ပြခဲ့ကြောင်း သတင်းရရှိသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ကြီးမှူးကျင်းပသော “Reorienting Myanmar Studies in Myanmar”နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်မိန့်ခွန်းပြောကြား ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူးကျင်းပသော “Reorienting Myanmar Studies in Myanmar” နိုင်ငံ တကာသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ အမျိုးသား ပြတိုက်၊ ပထမထပ်၊ ဘက်စုံခန်းမ၌ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးများ၊ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တွင်းနှင့် ပြည်ပမှ စာတမ်းရှင်များနှင့် အခြားဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က “Reorienting Myanmar Studies in Myanmar” နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲကျင်းပခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းရေး၊ မြှင့်တင်ရေးတို့သာမက တိုးတက်ပြန့်ပွားအောင်ဆောင်ရွက်ရန် နှင့် သမိုင်း သုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန် တစ်ရပ်ဖြစ်သည့် တစ်ဆက်တစ်စပ်တည်းသောမြန်မာသမိုင်း ဖြစ်ပေါ်လာစေရေးတွင် ကွက်လပ်ဖြစ်နေသည်များ ကို ဖြည့်စွက်ရန်ဖြစ်ကြောင်း၊ စာတမ်းဖတ်ပွဲကို မြန်မာသုတေသီများနှင့် နိုင်ငံတကာမှ သုတေသီ များ၏ အတွေ့အကြုံ အသိအမြင် ဗဟုသုတများ ဖလှယ်ခြင်းအားဖြင့် ပိုမိုကျယ်ဝန်းသော ပညာ ရပ်နယ်ပယ်တစ်ခု ပေါ်ထွက်လာစေရန်၊ ဌာနဝန်ထမ်းများ၏ သုတေသနအရည်အသွေးများ တိုးတက်မြင့်မားလာစေရန်၊ မြန်မာသမိုင်းအပြင် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံရေး၊ ယဉ်ကျေးမှုအရ ဆက်စပ်ခဲ့သော သမိုင်းကွင်းဆက်များ ပိုမိုသိရှိစေရန် စသည့်ရည်ရွယ်ချက်များ ထားရှိပြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ထွန်းကားခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းအထောက်အထား များကို မြန်မာပညာရှင်များ၏ လေ့လာသုံးသပ်ချက်များသာမက နိုင်ငံတကာပညာရှင်များ၏ လေ့လာသုံးသပ်ချက်များကိုပါ သိရှိနိုင်ရန်အတွက် ယခုကဲ့သို့ “Reorienting Myanmar Studies in Myanmar” ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း၊ သုတေသနဆိုသည်မှာ ယခင်က သုတေသနပြုချက်များ၏ ရလာဒ်များကို ယခုသုတေသနပြု ချက်များနှင့် ပြန်လည်နှိုင်းယှဉ်လေ့လာခြင်း၊ လိုအပ်ချက်များကို ဖြည့်စွက်ခြင်းများသည် သုတေသီများ၏ တာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုစာတမ်းဖတ်ပွဲတွင် နိုင်ငံတကာမှ သုတေသနပညာရှင်များနှင့် ဆွေးနွေးဖလှယ်ကြခြင်းဖြင့် အတွေးသစ် အမြင်သစ်များ ပေါ်ထွက် လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးအောင်မြင့် က နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီး ဦးထွန်းအောင်ချိန် က စာတမ်းဖတ်ကြားရခြင်း၏ အဓိကအကြောင်းအရာများကို ရှင်းလင်း ပြောကြားပါသည်။ ယင်းနောက် စာတမ်းရှင်များကိုယ်စား Dr. Gustaaf Houtman က နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားပါသည်။ အဆိုပါစာတမ်းဖတ်ပွဲတွင် ပြည်တွင်းနှင့် ပြည်ပပညာရှင်များက သုတေသနစာတမ်း (၁၄)စောင် ဖတ်ကြားမည်ဖြစ်ပြီး စာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီ (၅) ရက်မှ (၆) ရက်အထိ (၂) ရက်ကြာ ကျင်းပသွားမည်ဟု သတင်းရရှိပါသည်။
  • Publications

    Myanmar Historical Research Journal, twice a year in June and December…

  • Our Services

    I. Library Timing
    II. Membership
    III. Document Issue:…

  • Function

    Archives AND Library (Inscriptions,Manuscript,palm leaf,Parabaiks,…)

  • Myanmar Historical Commission

    Department of Historical Research under the Ministry of Culture, has now published many Myanmar Historical Research Works of the Historical Commission members.…

    Read More »

  • New Research Project

    The national races of Myanmar have residing unitedly in the Union of Myanmar since ancient time with a long history and culture of its own.…

    Read More »

  • Research Programmes

    Pre-Bagan Period
    Tagaung Period & Myinsai- Pinya-Sagaing Period
    Mon Civilization
    Bagan Period
    Taungoo Period
    Ancient Rakhine and Mrauk-U Period …

    Read More »

Department of Historical Research

On 2 February 2007 Universities Historical Research Centre was transferred to the Ministry of Culture and renamed as Department of Historical Research.

Conference

Present the monthly seminars with the cooperation of the other Departments in the Ministry of Culture from 2007 to now. …

Read More »

Diploma in Library Management

Texts and Contexts in Southeast Asia (2001). …

Read More »

Conference

Views and Visions in the Literary Heritage of Southeast Asia (2000). …

Read More »